ဆာ​လံ 90:13-17 BCL

13 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် အ​မျက်​တော်​မ​ပြေ​ဘဲ​နေ​တော်​မူ​ပါ​မည်​နည်း။ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​အား​သ​နား တော်​မူ​ပါ။

14 ကျွန်​တော်​မျိုး​တို့​သည်​တစ်​သက်​လုံး​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​နိုင်​ကြ​စေ​ရန်နံ​နက်​တိုင်း​ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ခံ​စား​စေ​တော်​မူ​ပါ။

15 ဒုက္ခ​ရောက်​စဉ်​အ​ခါ​က​ကိုယ်​တော်​သည်ကျွန်​တော်​မျိုး​တို့​အား​ခံ​စေ​သော​စိတ်​ဆင်း​ရဲ​မှု ပ​မာ​ဏ​အ​တိုင်းယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​တို့​အား​ဝမ်း​မြောက် ရွှင်​လန်း​မှု​ကို​ခံ​စား​စေ​တော်​မူ​ပါ။

16 ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​ဖြစ်​သောကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​ပြု​တော်​မူ​သောအံ့​သြ​ဖွယ်​ရာ​အ​မှု​တော်​တို့​ကို​တွေ့​မြင်​ခွင့် ပေး​တော်​မူ​ပါ။ကျွန်​တော်​မျိုး​တို့​၏​သား​မြေး​များ​အားကိုယ်​တော်​ရှင်​၏​ဘုန်း​အ​သ​ရေ​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​တွေ့​မြင်​ခွင့်​ပေး​တော်​မူ​ပါ။

17 ကျွန်​တော်​မျိုး​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၊ကျွန်​တော်​မျိုး​တို့​သည်​ကိုယ်​တော်​ရှင်​၏​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​စား​ကြ​ရ​ပါ​စေ​သော။ပြု​လေ​သ​မျှ​သော​အ​မှု​တို့​တွင်​လည်း ကျွန်​တော်​မျိုး​တို့​အား​အောင်​မြင်​ခွင့်​ပေး​တော်​မူ​ပါ။