ဆာ​လံ 90:2-9 BCL

2 တောင်​များ​ကို​ဖြစ်​ပေါ်​စေ​တော်​မ​မူ​မီ​နှင့် ကမ္ဘာ​လော​က​ကို​ဖန်​ဆင်း​တော်​မ​မူ​မီကိုယ်​တော်​ရှင်​သည်​အ​စ​မ​ရှိ​သော​ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​ပါ​၏။အ​ဆုံး​မ​ရှိ​သော​ဘု​ရား​သ​ခင်​လည်း​ဖြစ်​တော် မူ​ပါ​၏။

3 ကိုယ်​တော်​ရှင်​သည်​အ​မိန့်​ပေး​၍​လူ​သား​တို့​အားမြေ​မှုန့်​အ​ဖြစ်​သို့​ပြန်​လည်​ပြောင်း​လဲ​စေ​တော် မူ​ပါ​၏။

4 ကိုယ်​တော်​ရှင်​၏​အ​ဖို့​အ​နှစ်​တစ်​ထောင်​သည် တစ်​နေ့​ကဲ့​သို့​ဖြစ်​ပါ​၏။ကုန်​လွန်​ပြီး​သည့်​ယ​မန်​နေ့​ကဲ့​သို့​လည်း​ကောင်း၊တို​တောင်း​သော​ညဥ့်​ယံ​တစ်​ယံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ပါ​၏။

5-6 ကိုယ်​တော်​ရှင်​သည်​လူ​သား​တို့​အား​လျင်​မြန်​စွာ ပျောက်​ကွယ်​သွား​စေ​တော်​မူ​ပါ​၏။သူ​တို့​သည်​အိပ်​မက်​သ​ကဲ့​သို့​တစ်​ခ​ဏ​မျှ​သာ နေ​ကြ​ရ​ပါ​၏။နံ​နက်​ချိန်​၌​ကြီး​ပွား​ပွင့်​လန်း​၍​ည​နေ​ချိန်​၌ညှိုး​နွမ်း​ခြောက်​သွေ့​သွား​တတ်​သော​မြက်​ပင်​ကဲ့​သို့ ပျောက်​ကွယ်​သွား​တတ်​ကြ​ပါ​၏။

7 ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​ကြောင့် ကျွန်​တော်​မျိုး​တို့​သည်​ပျက်​စီး​ကြ​ပါ​၏။အ​မျက်​တော်​အ​ရှိန်​ကြောင့်​ကြောက်​လန့် တုန်​လှုပ်​ကြ​ပါ​၏။

8 ကျွန်​တော်​မျိုး​တို့​၏​အ​ပြစ်​များ​ကို​ရှေ့​တော်​၌ ချ​ထား​တော်​မူ​ပါ​၏။ကျွန်​တော်​မျိုး​တို့​လျှို့​ဝှက်​ကူး​လွန်​သည့်ဒု​စ​ရိုက်​များ​ကို​ကိုယ်​တော်​မြင်​သာ​သည့် နေ​ရာ​၌ ချ​ထား​တော်​မူ​ပါ​၏။

9 ကျွန်​တော်​မျိုး​တို့​သည်​အ​မျက်​တော်​ကို​ခံ​ရ သော​ကြောင့် အ​သက်​တို​ကြ​ရ​ပါ​၏။ကျွန်​တော်​မျိုး​တို့​၏​အ​သက်​သည်​တီး​တိုး ပြော​သည့် လေ​သံ​ကဲ့​သို့​ပျောက်​ကွယ်​တတ်​ပါ​၏။