ဆာ​လံ 90:9-15 BCL

9 ကျွန်​တော်​မျိုး​တို့​သည်​အ​မျက်​တော်​ကို​ခံ​ရ သော​ကြောင့် အ​သက်​တို​ကြ​ရ​ပါ​၏။ကျွန်​တော်​မျိုး​တို့​၏​အ​သက်​သည်​တီး​တိုး ပြော​သည့် လေ​သံ​ကဲ့​သို့​ပျောက်​ကွယ်​တတ်​ပါ​၏။

10 ကျွန်​တော်​မျိုး​တို့​သည်​အ​နှစ်​ခု​နစ်​ဆယ်​မျှ​သာ ရှည်​ကြ​ပါ​၏။အ​ကယ်​၍​အား​အင်​ပြည့်​ဖြိုး​သူ​များ​ဖြစ်​ကြ​ပါ​မူ အ​နှစ်​ရှစ်​ဆယ်​နေ​ကြ​ရ​ပါ​၏။သို့​ရာ​တွင်​ထို​နှစ်​ကာ​လ​များ​အ​တွင်းကျွန်​တော်​မျိုး​တို့​သည်​ပူ​ပင်​သော​က​နှင့် ဆင်း​ရဲ​ဒုက္ခ​ကို​သာ​လျှင်​ခံ​စား​ကြ​ရ​ပါ​၏။မ​ကြာ​မီ​ကွယ်​လွန်​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့ ကွယ်​ပျောက်​ကြ​ရ​ပါ​၏။

11 အ​ဘယ်​သူ​သည်​ကိုယ်​တော်​ရှင်​၏​အ​မျက်​တော် အ​ရှိန် အ​ပြည့်​အ​ဝ​ကို​ခံ​ဖူး​ပါ​သနည်း။ကိုယ်​တော်​ရှင်​၏​အ​မျက်​တော်​သည်​မည်​မျှ ကြောက်​လန့်​ဖွယ်​ကောင်း​ကြောင်း​ကိုအ​ဘယ်​သူ​သည်​သိ​ရှိ​ပါ​သ​နည်း။

12 ကျွန်​တော်​မျိုး​တို့​အား​မိ​မိ​တို့​အ​သက်​မည်​မျှတို​တောင်း​ကြောင်း​ကို​သိ​ရှိ​နိုင်​ရန်​သွန်​သင်​တော်​မူ​ပါ။သို့​မှ​သာ​လျှင်​ကျွန်​တော်​မျိုး​တို့​သည်​ဉာဏ်​ပ​ညာ ရ​ရှိ​လာ​ကြ​ပါ​လိမ့်​မည်။

13 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​သည်​အ​ဘယ်​မျှ​ကြာ​အောင် အ​မျက်​တော်​မ​ပြေ​ဘဲ​နေ​တော်​မူ​ပါ​မည်​နည်း။ကိုယ်​တော်​ရှင်​၏​အ​စေ​ခံ​တို့​အား​သ​နား တော်​မူ​ပါ။

14 ကျွန်​တော်​မျိုး​တို့​သည်​တစ်​သက်​လုံး​သီ​ချင်း​ဆို​လျက် ဝမ်း​မြောက်​နိုင်​ကြ​စေ​ရန်နံ​နက်​တိုင်း​ကျွန်​တော်​မျိုး​တို့​အား​ကိုယ်​တော်​၏ ခိုင်​မြဲ​သော​မေတ္တာ​တော်​ကို​ခံ​စား​စေ​တော်​မူ​ပါ။

15 ဒုက္ခ​ရောက်​စဉ်​အ​ခါ​က​ကိုယ်​တော်​သည်ကျွန်​တော်​မျိုး​တို့​အား​ခံ​စေ​သော​စိတ်​ဆင်း​ရဲ​မှု ပ​မာ​ဏ​အ​တိုင်းယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​တို့​အား​ဝမ်း​မြောက် ရွှင်​လန်း​မှု​ကို​ခံ​စား​စေ​တော်​မူ​ပါ။