ဆာ​လံ 91:1-7 BCL

1 ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခို​လှုံ​ရန် ချဉ်း​ကပ်​သူ​သည်​လည်း​ကောင်း၊အ​နန္တ​တန်​ခိုး​ရှင်​၏​ကွယ်​ကာ​စောင့်​ထိန်း​မှု​ကို ခံ​ယူ​သူ​သည်​လည်း​ကောင်း၊

2 ``ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ၊ ကျွန်​တော်​မျိုး​ခို​လှုံ​ရာ​ရဲ​တိုက်​ဖြစ်​တော်​မူ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​ဘု​ရား ဖြစ်​တော်​မူ​၍​ကျွန်​တော်​မျိုး​သည်ကိုယ်​တော်​ရှင်​ကို​ကိုး​စား​ပါ​၏'' ဟူ​၍ထာ​ဝ​ရ​ဘု​ရား​အား​လျှောက်​ထား​နိုင်​လိမ့်​မည်။

3 ကိုယ်​တော်​သည်​မ​မြင်​နိုင်​သောဘေး​ဥ​ပဒ်​များ​မှ​လည်း​ကောင်း၊သေ​စေ​တတ်​သော​အ​နာ​ရော​ဂါ​များ​မှ လည်း​ကောင်း သင့်​ကို​ကင်း​လွတ်​စေ​တော်​မူ​လိမ့်​မည်။

4 ကိုယ်​တော်​သည်​မိ​မိ​၏​အ​တောင်​တော်​ဖြင့် သင့်​ကို​ဖုံး​အုပ်​တော်​မူ​လိမ့်​မည်။သင်​သည်​ကိုယ်​တော်​၏​ကြည့်​ရှု​စောင့်​ရှောက်​ခြင်း​ကို ခံ​ရ​၍​ဘေး​မဲ့​လုံ​ခြုံ​လျက်​နေ​လိမ့်​မည်။ကိုယ်​တော်​၏​သစ္စာ​တော်​သည်​သင့်​ကို​စောင့်​ထိန်း ကွယ်​ကာ​ရာ​ဒိုင်း​လွှား​ဖြစ်​လိမ့်​မည်။

5 ညဥ့်​အ​ခါ​တွေ့​ရ​တတ်​သော​ဘေး​ဥ​ပဒ်​များ ကို​သော်​လည်း​ကောင်း၊နေ့​အ​ချိန်​ပေါ်​ပေါက်​တတ်​သည့်​အန္တရာယ်​များ ကို​သော်​လည်း​ကောင်း၊

6 မှောင်​မိုက်​တွင်​ကျ​ရောက်​တတ်​သည့်​ကပ်​ရော​ဂါ​များ ကို​သော်​လည်း​ကောင်း၊နေ့​လည်​ချိန်​၌​သေ​စေ​တတ်​သည့်​ဘေး​ဥ​ပဒ်​များ ကို​သော်​လည်း​ကောင်း၊ကြောက်​လန့်​ရ​လိမ့်​မည်​မ​ဟုတ်။

7 သင်​၏​အ​နီး​တွင်​လူ​တစ်​ထောင်၊သင်​၏​ပတ်​လည်​တွင်​လူ​တစ်​သောင်း ကျ​ဆုံး​သော်​လည်း​သင်​၌​အ​ထိ​အ​ခိုက် မ​ရှိ​ရ။