ဆာ​လံ 91:5-11 BCL

5 ညဥ့်​အ​ခါ​တွေ့​ရ​တတ်​သော​ဘေး​ဥ​ပဒ်​များ ကို​သော်​လည်း​ကောင်း၊နေ့​အ​ချိန်​ပေါ်​ပေါက်​တတ်​သည့်​အန္တရာယ်​များ ကို​သော်​လည်း​ကောင်း၊

6 မှောင်​မိုက်​တွင်​ကျ​ရောက်​တတ်​သည့်​ကပ်​ရော​ဂါ​များ ကို​သော်​လည်း​ကောင်း၊နေ့​လည်​ချိန်​၌​သေ​စေ​တတ်​သည့်​ဘေး​ဥ​ပဒ်​များ ကို​သော်​လည်း​ကောင်း၊ကြောက်​လန့်​ရ​လိမ့်​မည်​မ​ဟုတ်။

7 သင်​၏​အ​နီး​တွင်​လူ​တစ်​ထောင်၊သင်​၏​ပတ်​လည်​တွင်​လူ​တစ်​သောင်း ကျ​ဆုံး​သော်​လည်း​သင်​၌​အ​ထိ​အ​ခိုက် မ​ရှိ​ရ။

8 သူ​ယုတ်​မာ​တို့​အ​ဘယ်​သို့​အ​ပြစ်​ဒဏ်​သင့်​ကြ သည်​ကို သင်​သည်​ဒိ​ဌ​မြင်​ရ​လိမ့်​မည်။

9 သင်​သည်​ထာ​ဝ​ရ​ဘု​ရား​အား​သင့်​ကို​ကွယ်​ကာ​သော အ​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း၊အ​မြင့်​မြတ်​ဆုံး​ဖြစ်​တော်​မူ​သော​ဘု​ရား​အားသင်​ခို​လှုံ​သော​အ​ရှင်​အ​ဖြစ်​ဖြင့်​လည်း​ကောင်း လက်​ခံ​သည်​ဖြစ်​၍

10 သင်​သည်​ဘေး​ဒုက္ခ​နှင့်​တွေ့​ကြုံ​ရ​လိမ့်​မည်​မ​ဟုတ်၊သင်​၏​အိမ်​အ​နီး​သို့​လည်း​အ​ဘယ်​ဘေး​ဥ​ပဒ်​မျှ ချဉ်း​ကပ်​ရ​လိမ့်​မည်​မ​ဟုတ်။

11 သွား​လေ​ရာ​ရာ​၌​သင့်​ကို​စောင့်​ရှောက်​စေ​ရန်ဘု​ရား​သ​ခင်​သည်​မိ​မိ​၏​ကောင်း​ကင်​တ​မန် များ​ကို တာ​ဝန်​ပေး​အပ်​တော်​မူ​လိမ့်​မည်။