ဆာ​လံ 92:11-15 BCL

11 ရန်​သူ​တို့​အ​ရေး​ရှုံး​နိမ့်​ကြ​သည်​ကို​ကျွန်​တော်​မျိုး မြင်​ရ​ပါ​ပြီ။သူ​ယုတ်​မာ​တို့​ငို​ကြွေး​သံ​ကို​ကြား​ရ​ပါ​ပြီ။

12 သူ​တော်​ကောင်း​တို့​သည်​စွန်​ပ​လွံ​ပင်​များ​ကဲ့​သို့ စိမ်း​လန်း​စို​ပြေ​လျက်​ရှိ​လိမ့်​မည်။သူ​တို့​သည်​လေ​ဗ​နုန်​တောင်​မှ​အာ​ရဇ်​ပင်​များ ကဲ့​သို့ ကြီး​ပွား​တိုး​တက်​ကြ​လိမ့်​မည်။

13-14 သူ​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အိမ်​တော်​တွင်​စိုက်​ပျိုး​၍ငါ​တို့​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​တွင်​စိမ်း​လန်း စို​ပြေ​လျက်​နေ​သည့်​သစ်​ပင်​များ​နှင့်​တူ​ကြ​၏။ထို​သစ်​ပင်​တို့​သည်​အ​သက်​အို​ချိန်​၌​ပင်​လျှင်အ​သီး​များ​သီး​၍​အ​စဉ်​အ​မြဲ​စိမ်း​လန်း သန်​မာ​လျက်​ရှိ​ကြ​၏။

15 ဤ​ကား​ထာ​ဝ​ရ​ဘု​ရား​သည်​တ​ရားမျှ​တ​တော်​မူ​ကြောင်း​ကို​လည်း​ကောင်းငါ့​ကို​ကွယ်​ကာ​သော​အ​ရှင်​သည်​ကောင်း​မြတ်စုံ​လင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ဖော်​ပြ​လိုက်​ခြင်း​ဖြစ်​သည်။