ဆာ​လံ 92:4-10 BCL

4 အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​အံ့​သြ​ဖွယ်​ကောင်း​သောအ​မှု​တော်​များ​သည်​ကျွန်​တော်​မျိုး​အား ဝမ်း​မြောက်​ရွှင်​လန်း​စေ​ပါ​၏။ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​များ​ကြောင့်ကျွန်​တော်​မျိုး​သည်​ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ပါ​၏။

5 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​ပြု​တော်​မူ​သော​အ​မှု​တော်​တို့​သည် ကြီး​မြတ်​လှ​ပါ​၏။ကိုယ်​တော်​ရှင်​၏​အ​ကြံ​အ​စည်​တော်​သည်​လည်း နက်​နဲ​လှ​ပါ​၏။

6 လူ​မိုက်​တို့​မ​သိ​နိုင်​သော​အ​ရာ၊အ​သိ​ဉာဏ်​တုံး သူ​တို့ နား​မ​လည်​နိုင်​သော​အ​ရာ​တစ်​ခု​ရှိ​ပါ​၏။

7 ထို​အ​ရာ​ကား၊သူ​ယုတ်​မာ​တို့​သည်​ပေါင်း​ပင်​များ သ​ဖွယ် ကြီး​ပွား​တိုး​တက်​၍မ​ကောင်း​မှု​ပြု​သူ​တို့​သည်​ကောင်း​စား​ကြ​သော်​လည်းထို​သူ​တို့​သည်​လုံး​ဝ​သုတ်​သင်​ပယ်​ရှင်း​ခြင်း​ကို ခံ​ကြ​ရ​မည်​ဖြစ်​၏။

8 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား ဖြစ်​တော်​မူ​သော​ကိုယ်​တော်​ရှင်​သည်ထာ​ဝ​စဉ်​အ​ချုပ်​အ​ခြာ​အာ​ဏာ​ပိုင် ဖြစ်​တော်​မူ​သော​ကြောင့်​တည်း။

9 ကိုယ်​တော်​ရှင်​၏​ရန်​သူ​တို့​သည်​သေ​ကြေ​ပျက်​စီး ရ​ကြ​မည်​ကို​လည်း​ကောင်း၊သူ​ယုတ်​မာ​အ​ပေါင်း​တို့​သည်အ​ရေး​ရှုံး​နိမ့်​ရ​ကြ​မည်​ကို​လည်း​ကောင်း ကျွန်​တော်​မျိုး​တို့​သိ​ပါ​၏။

10 ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား နွား​လား​ရိုင်း​ကဲ့​သို့​သန်​စွမ်း​စေ​တော်​မူ​ပါ​ပြီ။ကျွန်​တော်​မျိုး​အား​ရွှင်​လန်း​ဝမ်း​မြောက်​ရ​ခြင်း ကောင်း​ချီး​မင်္ဂလာ​ကို​ပေး​တော်​မူ​ပါ​ပြီ။