ဆာ​လံ 93:1-4 BCL

1 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။ကိုယ်​တော်​သည်​ဘုန်း​အ​သ​ရေ​တော်​ကို ဝတ်​ဆင်​တော်​မူ​၍တန်​ခိုး​အာ​နု​ဘော်​တော်​ကို​ခါး​ပန်း​စည်း​တော်​မူ​၏။ကိုယ်​တော်​သည်​ကမ္ဘာ​မြေ​ကြီး​ကို​ခိုင်​မြဲ​စွာတည်​စေ​တော်​မူ​သည်​ဖြစ်​၍​ယင်း​ကို​လှုပ်​ရှား​၍ မ​ရ​နိုင်​ရာ။

2 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​ရာ​ဇ​ပလ္လင်​တော်​သည်​အ​စ​အ​ဦး​မှ စ​၍​တည်​တံ့​ခိုင်​မြဲ​ပါ​၏။ကိုယ်​တော်​ရှင်​သည်​ကပ်​ကာ​လ​မ​ပေါ်​မီ​က​ပင်​လျှင် ရှိ​နေ​တော်​မူ​ပါ​၏။

3 အို ထာ​ဝ​ရ​ဘု​ရား၊ သ​မုဒ္ဒ​ရာ​သည်​အ​သံ​ကို​ဟစ်​၍​အော်​ပါ​၏။သ​မုဒ္ဒ​ရာ​လှိုင်း​တံ​ပိုး​သံ​သည်​မြည်​ဟည်း​ပါ​၏။

4 ထာ​ဝ​ရ​ဘု​ရား​သည်​သ​မုဒ္ဒ​ရာ မြည်​ဟည်း​သံ​ထက်​လည်း​ကောင်း၊ပင်​လယ်​လှိုင်း​တံ​ပိုး​များ​ထက်​လည်း​ကောင်း​သာ​၍ တန်​ခိုး​ကြီး​ပြီး​လျှင်အ​ချုပ်​အ​ခြာ​အာ​ဏာ​တော်​ဖြင့်​ကောင်း​ကင်​ဘုံ​တွင် စိုး​စံ​တော်​မူ​၏။