ဆာ​လံ 94:20-23 BCL

20 ကိုယ်​တော်​ရှင်​သည်​မ​တ​ရား​သော​အ​မှု​ကို တ​ရား​ဝင်​ဖြစ်​အောင်​ပြု​လုပ်​တတ်​သည့်အ​ဂ​တိ​လိုက်​စား​သူ​တ​ရား​သူ​ကြီး​များ​နှင့် မည်​သို့​မျှ​မ​သက်​ဆိုင်​ပါ။

21 သူ​တို့​သည်​သူ​တော်​ကောင်း​တို့​ကို​သေ​ကြောင်း ကြံ​စည်​ကြ​ပါ​၏။အ​ပြစ်​မဲ့​သူ​တို့​ကို​သေ​ဒဏ်​စီ​ရင်​ကြ​ပါ​၏။

22 သို့​ရာ​တွင်​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​ကို ကွယ်​ကာ​တော်​မူ​၏။ငါ​၏​ဘု​ရား​သ​ခင်​သည်​ငါ​ခို​လှုံ​ရာ​ဖြစ် တော်​မူ​၏။

23 ကိုယ်​တော်​သည်​ထို​သူ​တို့​၏​ယုတ်​မာ​မှု​များ အ​တွက် အ​ပြစ်​ဒဏ်​ပေး​တော်​မူ​လိမ့်​မည်။သူ​တို့​၏​အ​ပြစ်​များ​အ​တွက်​သူ​တို့​အား သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​အား​သုတ်​သင်​ဖျက်​ဆီး​တော်​မူ​လိမ့်​မည်။