ဆာ​လံ 94:8-14 BCL

8 ငါ​၏​လူ​စု​တော်​တို့၊သင်​တို့​သည်​အ​ဘယ် သို့​လျှင်ဤ​မျှ​အ​သိ​ဉာဏ်​တုံး​လျက်​မိုက်​မဲ​၍ နေ​နိုင်​ကြ​ပါ​သ​နည်း။အ​ဘယ်​အ​ခါ​ကျ​မှ​တတ်​သိ​လိမ္မာ​၍ လာ​ကြ​ပါ​မည်​နည်း။

9 ငါ​တို့​၏​နား​များ​ကို​ဖန်​ဆင်း​တော်​မူ​သော အ​ရှင်​သည် မြင်​တော်​မူ​နိုင်​သည်​မ​ဟုတ်​လော။

10 လူ​မျိုး​တ​ကာ​တို့​ကို​ဆုံး​မ​သော​အ​ရှင်​သည်သူ​တို့​အား​အ​ပြစ်​ပေး​တော်​မူ​မည်​မ​ဟုတ် ပါ​လော။လူ​အ​ပေါင်း​တို့​ကို​အ​သိ​ပ​ညာ​သွန်​သင်​သောအ​ရှင်​သည်​အ​သိ​ပ​ညာ​ရှိ​တော်​မူ​သည် မ​ဟုတ်​ပါ​လော။

11 ထို​သူ​တို့​၏​အ​ကြံ​အ​စည်​များ​ကို ထာ​ဝ​ရ​ဘု​ရား​သိ​တော်​မူ​၏။သူ​တို့​စဉ်း​စား​ဆင်​ခြင်​မှု​များ​သည် အ​ချည်း​နှီး​ဖြစ်​ကြောင်း​ကိုယ်​တော်​သိ​တော် မူ​၏။

12 အို ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​၏​ဆုံး​မ​သွန်​သင်​မှု​ကို​ခံ​ရ​သော သူ၊တ​ရား​တော်​နှင့်​ဆိုင်​၍​ကိုယ်​တော်​၏​သွန်​သင် မှု​ကို ခံ​ရ​သော​သူ​သည်​မင်္ဂ​လာ​ရှိ​ပါ​၏။

13 ထို​သူ​အား​သူ​ယုတ်​မာ​တို့​ကျ​စေ​ရန် တွင်း​တူး​၍မ​ပြီး​စီး​မီ​ဆိုး​ရွား​သည့်​အ​ချိန်​ကာ​လ​မှ လွတ်​ငြိမ်း​ခွင့်​ကို​ကိုယ်​တော်​ပေး​တော်​မူ​ပါ​၏။

14 ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​လူ​စု​တော်​အား ပစ်​ထား​တော်​မူ​လိမ့်​မည်​မ​ဟုတ်။ကိုယ်​တော်​ပိုင်​တော်​မူ​သော​လူ​တို့​ကို စွန့်​ပယ်​တော်​မူ​လိမ့်​မည်​မ​ဟုတ်။