ဆာ​လံ 95:1-7 BCL

1 လာ​ကြ၊ထာ​ဝ​ရ​ဘု​ရား​အား​ထော​မ​နာ​ပြု ကြ​ကုန်​အံ့။ငါ​တို့​ခို​လှုံ​ရာ​ဘု​ရား​သ​ခင်​၏​ဂုဏ်​တော်​ကို ဝမ်း​မြောက်​စွာ​သီ​ချင်း​ဆို​ကြ​ကုန်​အံ့။

2 ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​လျက်​ရှေ့​တော်​သို့ ဝင်​ကြ​ကုန်​အံ့။ဝမ်း​မြောက်​စွာ​ထော​မ​နာ​သီ​ချင်း​များ​ကို ဆို​ကြ​ကုန်​အံ့။

3 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည် တန်​ခိုး​ကြီး​တော်​မူ​သော​ဘု​ရား၊ဘု​ရား​တ​ကာ​တို့​ထက်​တန်​ခိုး​ကြီး​သည့်​ဘု​ရင် ဖြစ်​တော်​မူ​သော​ကြောင့်​ဖြစ်​၏။

4 ကိုယ်​တော်​သည်​အ​နက်​ဆုံး​သော​မြေ​ကြီး နက်​ရှိုင်း​ရာ​များ​မှအ​မြင့်​ဆုံး​သော​တောင်​ထိပ်​များ​တိုင်​အောင် ကမ္ဘာ​လော​က​တစ်​ခု​လုံး​ကို​အ​စိုး​ရ​တော်​မူ​၏။

5 ကိုယ်​တော်​သည်​မိ​မိ​ဖန်​ဆင်း​တော်​မူ​သော ပင်​လယ်​ကို​လည်း​ကောင်း၊မိ​မိ​လက်​တော်​ဖြင့်​ပြု​ပြင်​တော်​မူ​သည့်​ကုန်း​မြေ ကို​လည်း​ကောင်း​အ​စိုး​ရ​တော်​မူ​၏။

6 လာ​ကြ၊ကိုယ်​တော်​အား​ဦး​ညွှတ်​ပျပ်​ဝပ်​၍ ရှိ​ခိုး​ကြ​ကုန်​အံ့။ငါ​တို့​အား​ဖန်​ဆင်း​တော်​မူ​သော​ထာ​ဝ​ရ ဘု​ရား​၏ ရှေ့​တော်​တွင်​ဒူး​ထောက်​ကြ​ကုန်​အံ့။

7 ကိုယ်​တော်​သည်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်စောင့်​ရှောက်​တော်​မူ​သော​သူ​များ၊ကိုယ်​တော် ကျွေး​မွေး​တော်​မူ​သော​သိုး​စု​ဖြစ်​ကြ​၏။ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​ကို ယ​နေ့​နား​ထောင်​ကြ​လော့။