ဆာ​လံ 95:7-11 BCL

7 ကိုယ်​တော်​သည်​ငါ​တို့​၏​ဘု​ရား​ဖြစ်​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်စောင့်​ရှောက်​တော်​မူ​သော​သူ​များ၊ကိုယ်​တော် ကျွေး​မွေး​တော်​မူ​သော​သိုး​စု​ဖြစ်​ကြ​၏။ကိုယ်​တော်​မိန့်​တော်​မူ​သော​စ​ကား​ကို ယ​နေ့​နား​ထောင်​ကြ​လော့။

8 ကိုယ်​တော်​က​မော​ရိ​ဘ​အ​ရပ်​တွင်​ရောက်​ရှိ နေ​သောသင်​တို့​ဘိုး​ဘေး​များ​ကဲ့​သို့​သင်​တို့​သည် ခေါင်း​မ​မာ​ကြ​နှင့်။တော​ကန္တာ​ရ​ရှိ​မဿာ​အ​ရပ်​တွင်​ရောက်​ရှိ​နေ​သော ဘိုး​ဘေး​များ​ကဲ့​သို့​ခေါင်း​မ​မာ​ကြ​နှင့်။

9 ထို​သူ​တို့​သည်​မိ​မိ​တို့​၏​အ​တွက်​ငါ​ပြု​သည့်အ​မှု​ကို​တွေ့​မြင်​ကြ​ပြီး​ဖြစ်​သော်​လည်း ထို​အ​ရပ်​တွင်​ငါ့​ကို​သွေး​စမ်း​ကြ​၏။

10 ငါ​သည်​အ​နှစ်​လေး​ဆယ်​တိုင်​တိုင်​ထို​သူ​တို့​အား အ​မျက်​ထွက်​ခဲ့​၏။``သူ​တို့​သည်​လွန်​စွာ​သစ္စာ​ဖောက်​သူ​များ​ပါ တ​ကား။ငါ​၏​ပ​ညတ်​တို့​ကို​လိုက်​နာ​ရန်​ငြင်း​ဆန်​သူ​များ ပါ​တ​ကား'' ဟု​ငါ​ဆို​၏။

11 ငါ​သည်​သူ​တို့​အား​အ​မျက်​ထွက်​သ​ဖြင့်``သင်​တို့ စိတ်​အေး​ချမ်း​သာ​စွာ​နေ​ထိုင်​ရ​မည့်​ပြည်​ကိုသင်​တို့​သည်​အ​ဘယ်​အ​ခါ​၌​မျှ​မ​ဝင်​ရ​ကြ'' ဟု​ကျိန်​ဆို​၏။