ဆာ​လံ 96:2-8 BCL

2 သီ​ချင်း​ဆို​၍​ထာ​ဝ​ရ​ဘု​ရား​၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ​လော့။ကိုယ်​တော်​အား​ထော​မ​နာ​ပြု​ကြ​လော့။ကိုယ်​တော်​သည်​ငါ​တို့​အားကယ်​တော်​မူ​ကြောင်း​သ​တင်း​ကောင်း​ကို နေ့​စဉ်​နေ့​တိုင်း​ပြော​ကြား​ကြ​လော့။

3 လူ​မျိုး​တ​ကာ​တို့​အား​ကိုယ်​တော်​၏ ဘုန်း​အ​သ​ရေ​တော်​ကို​လည်း​ကောင်း၊လူ​အ​ပေါင်း​တို့​အား​ကိုယ်​တော်​၏အံ့​သြ​ဖွယ်​ကောင်း​သော​အ​မှု​တော်​တို့​ကို လည်း​ကောင်း ထုတ်​ဖော်​ကြေ​ညာ​ကြ​လော့။

4 ထာ​ဝ​ရ​ဘု​ရား​သည်​ကြီး​မြတ်​တော်​မူ​သည် ဖြစ်​၍ အ​လွန်​ပင်​ထော​မ​နာ​ပြု​ခြင်း​ကို​ခံ​ထိုက်​တော် မူ​၏။ကိုယ်​တော်​သည်​ဘု​ရား​တ​ကာ​တို့​ထက် ကြောက်​ရွံ့​ရို​သေ​ခြင်း​ကို​ခံ​ထိုက်​တော်​မူ​၏။

5 အ​ခြား​လူ​မျိုး​အ​ပေါင်း​တို့​၏​ဘု​ရား​များ​သည် ရုပ်​တု​များ​သာ​ဖြစ်​ကြ​၏။ထာ​ဝ​ရ​ဘု​ရား​မူ​ကား​မိုး​ကောင်း​ကင်​ကို ဖန်​ဆင်း​တော်​မူ​၏။

6 ဘုန်း​တော်​နှင့်​ဂုဏ်​တော်​သည်​ကိုယ်​တော်​ကို ခြံ​ရံ​လျက်​ရှိ​၏။တန်​ခိုး​တော်​နှင့်​ဂုဏ်​ကြက်​သ​ရေ​တော်​သည် ဗိ​မာန်​တော်​၌​တည်​လျက်​ရှိ​၏။

7 ကမ္ဘာ​မြေ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့၊ထာ​ဝ​ရ ဘု​ရား​ကို ထော​မ​နာ​ပြု​ကြ​လော့။ကိုယ်​တော်​၏​ဘုန်း​အ​သ​ရေ​တော်​နှင့်​တန်​ခိုး အာ​နု​ဘော်​တော်​ကို​ထော​မ​နာ​ပြု​ကြ​လော့။

8 ထာ​ဝ​ရ​ဘု​ရား​၏​ဘုန်း​ကြီး​သော​နာ​မ​တော်​ကို ထော​မ​နာ​ပြု​ကြ​လော့။ပူ​ဇော်​သ​ကာ​ကို​ယူ​ဆောင်​၍​ကိုယ်​တော်​၏ ဗိ​မာန်​တော်​ထဲ​သို့​ဝင်​ကြ​လော့။