ဆာ​လံ 97:1-6 BCL

1 ထာ​ဝ​ရ​ဘု​ရား​သည်​ဘု​ရင်​ဖြစ်​တော်​မူ​၏။အ​ချင်း​ကမ္ဘာ​မြေ​ကြီး၊ရွှင်​လန်း​ဝမ်း​မြောက်​လော့။ပင်​လယ်​များ​တွင်​ရှိ​သည့်​ကျွန်း​အ​ပေါင်း​တို့၊ ဝမ်း​မြောက်​ရွှင်​မြူး​ကြ​လော့။

2 မိုး​တိမ်​များ​နှင့်​မှောင်​မိုက်​တို့​သည်​ကိုယ်​တော်​ကို ဝိုင်း​ရံ​လျက်​ရှိ​၏။ကိုယ်​တော်​၏​အုပ်​စိုး​ခြင်း​သည်​အ​မှန်​တ​ရား​နှင့် တ​ရား​မျှ​တ​မှု​အ​ပေါ်​တွင်​အ​ခြေ​ခံ​၏။

3 မီး​လျှံ​သည်​ရှေ့​တော်​မှ​သွား​၍​ကိုယ်​တော်​၏ ပတ်​လည်​ရှိ​ရန်​သူ​တို့​ကို​ကျွမ်း​လောင်​စေ​၏။

4 ကိုယ်​တော်​၏​လျှပ်​စစ်​လျှပ်​နွယ်​တို့​သည် ကမ္ဘာ​လော​က​ကို​လင်း​စေ​ကြ​၏။ထို​အ​ချင်း​အ​ရာ​ကို​မြင်​သော​အ​ခါ ကမ္ဘာ​မြေ​ကြီး​သည်​တုန်​လှုပ်​လေ​၏။

5 ကမ္ဘာ​မြေ​ကြီး​ကို​အ​စိုး​ရ​သောအ​ရှင်​တည်း​ဟူ​သော​ထာ​ဝ​ရ​ဘု​ရား ၏​ရှေ့တော်​၌​တောင်​တို့​သည်​ဖ​ယောင်း​ကဲ့​သို့ အ​ရည်​ပျော်​ကြ​ကုန်​၏။

6 မိုး​ကောင်း​ကင်​သည်​ကိုယ်​တော်ဖြောင့်​မှန်​တော်​မူ​ကြောင်း​ကို​ထုတ်​ဖော်​ကြေ ညာ​၍လူ​အ​ပေါင်း​တို့​သည်​ကိုယ်​တော်​၏​ဘုန်း အ​သ​ရေ​တော်​ကို​မြင်​ကြ​ရ​၏။