5 ကမ္ဘာမြေကြီးကိုအစိုးရသောအရှင်တည်းဟူသောထာဝရဘုရား ၏ရှေ့တော်၌တောင်တို့သည်ဖယောင်းကဲ့သို့ အရည်ပျော်ကြကုန်၏။
6 မိုးကောင်းကင်သည်ကိုယ်တော်ဖြောင့်မှန်တော်မူကြောင်းကိုထုတ်ဖော်ကြေ ညာ၍လူအပေါင်းတို့သည်ကိုယ်တော်၏ဘုန်း အသရေတော်ကိုမြင်ကြရ၏။
7 ရုပ်တုများကိုရှိခိုးဝတ်ပြုသူအပေါင်းတို့သည် အရှက်ရကြ၏။ဘုရားရှိသမျှတို့သည်လည်းကိုယ်တော်၏ ရှေ့တော်၌ဦးညွှတ်ပျပ်ဝပ်ကြ၏။
8 အို ထာဝရဘုရား၊ကိုယ်တော်ရှင်၏တရားစီရင်တော်မူချက် များကြောင့်ဇိအုန်မြို့သူမြို့သားတို့သည်ရွှင်လန်း ဝမ်းမြောက်ကြပါ၏။ယုဒမြို့တို့သည်လည်းအားရရွှင်မြူးကြပါ၏။
9 အနန္တတန်ခိုးရှင်ထာဝရဘုရား၊ကိုယ်တော် ရှင်သည်ကမ္ဘာမြေတစ်ပြင်လုံးကိုအစိုးရတော်မူသော အရှင်ဖြစ်တော်မူပါ၏။ဘုရားရှိသမျှတို့ထက်အလွန်ကြီးမြတ်တော် မူပါ၏။
10 ထာဝရဘုရားသည်မကောင်းမှုကို မုန်းသောသူတို့အားချစ်တော်မူ၏။မိမိလူစုတော်၏စည်းစိမ်ကိုကာကွယ် စောင့်ရှောက်တော်မူ၏။ကိုယ်တော်သည်သူတို့အားသူယုတ်မာတို့ ၏လက်မှ ကယ်ဆယ်တော်မူ၏။
11 သူတော်ကောင်းတို့အပေါ်သို့ရွှင်လန်း ဝမ်းမြောက်ခြင်းသည်လည်းကောင်း၊သဘောဖြောင့်သူတို့အပေါ်သို့ရွှင်လန်းဝမ်းမြောက်ခြင်းသည်လည်းကောင်း သက်ရောက်၏။