ဆာ​လံ 98:5-8-9 BCL

5 ထော​မ​နာ​သီ​ချင်း​ကို​ဆို​ကာ​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။စောင်း​များ​ကို​တီး​၍​ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ​လော့။

6 တံ​ပိုး​ခ​ရာ​နှင့်​နှဲ​တို့​ကို​မှုတ်​၍​ငါ​တို့​ဘု​ရင်ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့​တော်​၌​ဝမ်း​မြောက်​စွာ ကြွေး​ကြော်​ကြ​လော့။

7 အ​ချင်း​ပင်​လယ်​နှင့်​ပင်​လယ်​ရှိ​သတ္တ​ဝါ​အ​ပေါင်း တို့၊ အ​သံ​ကျယ်​စွာ​ကြွေး​ကြော်​ကြ​လော့။အ​ချင်း​ကုန်း​မြေ​နှင့်​ကုန်း​မြေ​ပေါ်​တွင် အ​သက်​ရှင်​သူ​အ​ပေါင်း​တို့​သီ​ချင်း​ဆို​ကြ လော့။

8-9 အ​ချင်း​မြစ်​တို့၊လက်​ခုပ်​တီး​ကြ​လော့။အ​ချင်း​တောင်​များ​တို့၊ထာ​ဝ​ရ​ဘု​ရား​သည်ကမ္ဘာ​လော​က​ကို​အုပ်​စိုး​ရန်​ကြွ​လာ​တော်​မူ ပြီ​ဖြစ်​၍တစ်​ပြိုင်​နက်​ရှေ့​တော်​တွင်​ရွှင်​လန်း​ဝမ်း​မြောက်​စွာ သီ​ချင်း​ဆို​ကြ​လော့။ကိုယ်​တော်​သည်​ကမ္ဘာ​ပေါ်​ရှိ​လူ​အ​ပေါင်း​တို့​အား တ​ရား​မျှ​တ​စွာ​အုပ်​စိုး​တော်​မူ​လိမ့်​မည်။